Events
Improving Quality of Rubber and Market Research on Rubber Industry စီမံကိန်း ဒုတိယအကြိမ် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
Updated At: 2022-04-25 16:38:57

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁) ၏ အကူအညီဖြင့် ဆောင်ရွက်မည့် Improving Quality of Rubber and Market Research on Rubber Industry စီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဒုတိယအကြိမ် အကြို ညှိနှိုင်းအစည်းအဝေးကို Online Zoom Meeting ဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့၊ နေ့လည်(၁၄:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက စီမံကိန်းမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ စားသုံးသူ ရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း (MRPPA)၊ မွန်ပြည်နယ်နှင့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ရော်ဘာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ စုစုပေါင်း (၂၁) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးမှ ရော်ဘာလုပ်ငန်းရှင်ငယ်များ (Small Holders) အရည်အသွေး တူညီသည့် အရည်အသွေးမြင့်ရော်ဘာများ ထုတ်လုပ်နိုင်ရန်အတွက် ကောက်ယူရရှိသည့် စစ်တမ်းမေးခွန်းလွှာများ၏ ရလဒ်များကို သုံးသပ်ပြီး အမှန်တကယ် လိုအပ်သည့် သင်တန်းများ ကိုပို့ချပေးနိုင်ရေးညှိနှိုင်းဆောင်ရွက်သွားရန်၊ သင်တန်းပို့ချရာတွင် ပြည်ပမှ ကျွမ်းကျင် ပညာရှင်များသာမက ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များပါ ပူးပေါင်းပါဝင် ပို့ချပေးရန်၊ စစ်တမ်းမေးခွန်းလွှာများကို သုတေသနလုပ်ငန်းတစ်ခုခုသို့ မေလတွင် အပ်နှံရေး ဆောင်ရွက်ရန်နှင့် စီမံကိန်းကြီးကြပ်မှုကော်မတီ (PSC) အစည်းအဝေးကို(၆) လ တစ်ကြိမ် ကျင်းပသွားရန်တို့ကို ဆွေးနွေးရရှိခဲ့ပါသည်။
More Events
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025